top of page

Discovery

SKY STAR株式会社 

  • Main.jpg
  • Main၁2.jpg
  • Main1.jpg

မြတ်ဗုဒ္ဓရဲ့ မေတ္တာရိပ်၊ အရိယာသူတော်ကောင်းများပို့သသော မေတ္တာများဖြင့် ဘုရားတပည့်တော် အပါအဝင် ခုနှစ်ရက်  သားသမီးအပေါင်း၊ သတ္တဝါအပေါင်းတို့ ဘေးအန္တရယ် ကင်းရှင်း၊ စိတ်အေးချမ်း၍  လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ပါစေ......

Usoelwin.jpg

U Soe Lwin
Mananging Director

SkyStar ကုမ္ပဏီအကြောင်း

ကျွန်တော်တို့ရဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ Sky Star ဆိုတဲ့ ကုမ္ပဏီကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ နိုင်ငံခြားသားတွေ အနေအထိုင် များပြီး လွန်စွာမှစည်ကားလှတဲ့ Ikebukuroဆိုတဲ့ မြို့မှာ တည်ထောင်ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ ဂျပန်လိုဆိုရင်တော့ Sky Star 株式会社 လို့ခေါ်ဆိုပါတယ်။ Sky Star 株式会社 ရဲ့ အဓိက လုပ်ဆောင်တဲ့ လုပ်ငန်းကတော့ နိုင်ငံခြား သားတွေ အတွက် လိုအပ်နေတဲ့ စားသောက်ကုန်တွေ အထူးသဖြင့် အာရှနိုင်ငံသားတွေအတွက် အာရှစားသောက်ကုန်တွေကို အလွယ်တူ ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဆောင်ရွက် ပေးနေတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အလွယ် တကူရှာဖွေလို့မရနိုင်တဲ့အစားအစာတွေဟာ Sky Star မှာရှိနေပါတယ်။ Sky Star ဟာ မိတ်ဆွေတို့အတွက် မိမိတို့ဌာနေကိုလွမ်းနေကြပြီး မိမိတို့အစားအစာတွေကိုကို ငတ်မွတ်နေကြသူတွေအတွက် အားကိုး အားထား ပြုရာ နေရာတစ်ခု ဖြစ်လို့လာနေပါပြီ။ Sky Star ကိုသာလာခဲ့ပါ၊ စိတ်ချမ်းသာသွားစေရမယ်လို့ အာမခံပါတယ်။

会社案内

clogo.jpg

                                             会社概要

名称:                         SKY STAR 株式会社

登記番号:                0133-01-055798
本社所在地 :           〒171-0021東京都豊島区西池袋1-29-14
                                      オリエント池袋302
 

代表取締役社長 SOE LWIN  ソウ ルイン

  
設立日:                 2026年3月8日

資本金:                 900万円

電話番号:             080-2062-8638.   

従業員数:             9名(2026年4月現在)

事業内容:             2026年4月 オーパンSkyStar Grocery Store

Location.jpg

302, Orient Ikebukuro.

 1-29-14 Nishi-Ikebukuro,

Toshima-ku, Tokyo 

Our Business

​

 Sky Star Co., Ltd ကို  2026 ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။  လုပ်ငန်းများအနေဖြင့် သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းနှင့်  ကုန်စုံဆိုင်လုပ်ငန်း ဖြစ်သော ( Sky Star Grocery Store) နှင့်အား တွဲဖက် လုပ်ကိုင်နေပါသည်။

သွင်းကုန်လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ  စားသောက် ကုန် ပစ္စည်းများအား ဂျပန်နိုင်ငံတွင်း တင်သွင်းဖြန့်ဖြူးလျှက်ရှိပါသည်။ 

ထုတ်ကုန်လုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံထုတ်လုပ်သော အလှကုန်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်ပို့ လျှက်ရှိသည်။ 

ကျွန်ုပ်တို့ ကုမ္ပဏီမှဖွင့်လှစ်ထားသော  ကုန်စုံဆိုင်လုပ်ငန်း ဖြစ်သည့် Sky Star Grocery Store တွင်  မြန်မာနိုင်ငံနှင့်အရှေ့တောင် အာရှနိုင်ငံများမှ တင်သွင်းထားသော 

စားသောက်ကုန်ပစ္စည်းများ၊ နိဗ္ဗာန်ကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကလေးသုံးပစ္စည်းများအား ရောင်းချပေးလျှက် ရှိပါသည်။
  
Sky Star Grocery Store တွင် ‌ရောင်းချနေသော  ကုန်ပစ္စည်းများမှာ အရည်အသွေးမြင့် ကုန်ပစ္စည်းများဖြစ်ပြီး ကုန်ပစ္စည်းများအား ချိုသာသော စျေးနှုန်း၊ တိကျသော ဝန်ဆောင် မှုများနှင့် ရောင်းချ ပေးနေပါသည်။ ရောင်းချနေသော အစားအစာများကို စားသုံးသူများ ၏ ကျန်းမာရေးကို အဓိကထားကာ သန့်ရှင်းလတ်သော အစားအစာများကို သာ တင်သွင်း ရောင်းချပေးနေပါသည်။

Business2.jpg

တစ်လအတွင်း
​အသစ်ရောက် ကုန်များ

မြန်မာပြည်မှ ရိုးရာမုန့်များ၊ အကြော်စုံနှင့် ယောဂီဝတ်စုံသစ်များ အစုံအလင် ထပ်မံရောက်ရှိနေပါပြီ။ ဖာလူဒါနှင့် လတ်ဆတ်သော မြန်မာ့အစားအစာများကို အမြန်ဆုံး လာရောက်ဝယ်ယူ အားပေးနိုင်ပါပြီ။

Business1.jpg
Cloudy Sky Time-lapse

ဆက်သွယ်ရန်

bottom of page